(ကော) ရင်
၁။ တိုင်းပြည်အထဲ၊ အယူလွဲနှင့်၊ စိတ်စွဲမဟိ၊ သတိညံန့်ပျော့၊ ပေါ့လျော့သောသူ၊ ထိုသူအားလုံမ်း၊ ဘ၀ယှုံးသည်၊ ကျွန်းဆုံးမြီခြား၊ ၀ီးရပ်သားလည်း၊ အင်အားမခိုင်၊
၂။ မရောက်နိုင်ခယ့်။ ကံဆိုင်၍တုံ၊ ငါရို့ကြုံဟု၊ ကြည်ယုံဇောနူး၊ ဘုရားထူးကို၊ စိတ်ကူးဖြောင့်ဖြောင့်၊ သတိစောင့်လော့။ ကြုံခေါင့်ကြုံခဲ၊ လူ့ဘုံပွဲဝယ်၊ အမ့်အဲမနိုင်၊ နှိုင်းပြိုင်မဟိ၊ မြတ်မုနိကို၊
၃။ မျက်စိထင်ထင်၊ ဖူးမြင်ရှုမျှော်၊ ပူဇော်ရှုပြီ၊ မသီခင်၌၊ ဦးတိုက်ရကြောင်း၊ ရို့ကံကောင်းဟု၊ ဆုတောင်းဆုယူ၊ ပြုသောသူကား၊ ဤလူ့ဘ၀၊ စုတိကြသော်၊ လေးဝအပါယ်၊
၎။ မတွယ်တဆစ်၊ အရပ်ပြစ်သို့၊ မဖြစ်တုံခြင်း၊ ဖီးရန်ကင်း၍၊ သန့်ယှင်းမြတ်ရာ၊ နတ်ရွာလူ့ပြည်၊ ကျင်လည်ခေါက်ခေါက်၊ ရောင်တောက်ညီးညီး၊ ဗိမှာန်ကြီး၌၊ မှုတ်တီးသောင်းသဲ၊
၅။ အောင်ပွဲခံခံ၊ မနောစံလျှက်၊ ဖန်ဖန်လီလီ၊ လောကီအာရုဏ်၊ ကာမဂုဏ်ကို၊ ရိပ်မြုံပြည့်ဖြိုး၊ ဆင့်ဆင့်တိုး၍၊ ကောင်းကျိုးကြီးစွာ၊ ရပြီးခါမှ၊
၆။ နောင်လာသျှင်ပင်၊ ထံတော်တွင်၌၊ ဦးတင်ဓမ္မ၊ ကြားနာရလျှင်၊ သုခခေါင်အုပ်၊ မဂ်ဖိုချုပ်သား၊ လောကုတ္တရာ၊ ခေမာနိဗ္ဗာန်၊ ရွှေပြည်မွန်သို့၊ ဧကန်ရလွယ်၊ အဓိပ္ပါယ်သည်
၇။ ကျမ်းဝယ်ထင်ရှားဟိ၏တည်း။ ။ ဇာတိညာဏ်ရောင်၊ ထိန်လင်းပြောင်သား၊ အခေါင်မြတ်မုနိန်၊ မာရဇိန်လည်း၊ အစိန္တေယ၊ တုမရသည်၊ လောကထွတ်ထား၊ မြတ်ဘုရား၏၊ ကိုယ်စားမှန်ဘိ၊
၈။ ခြောက်ရောင်ဟိသား၊ မုနိမဟာ၊ ဗျာဒိဟာနှင့်၊ ကျိမ်းလာဂူလှိုင်း၊ ရက္ခတိုင်းဟု၊ သမိုင်းနာမည်၊ ဓညပြည်တွင်၊ ရီကြည်မြမြ၊ ချမ်းအီးလှသား၊ ဂစ္ဆဘနဒီ၊ မှိုင်းရီရီလျှင်၊
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment