(ကေ) ရင်
၁။ လူ့ဘောင်တင့်တယ်၊ အံဖွယ်သူရဲ၊ မြတ်စွဲရတုံ၊ ပြောမကုန်ဟု၊ လူပုံနှစ်သက်၊ ရွှင်အားတက်သည်၊ ဖူးလျှက်ရှုမျှော်မညီးတည်း။ ။ ရှုမျှော်မညီး၊ အသီးသီးလျှင်၊ ပြည်ကြီးအတွင်း၊ လူခပင်းရို့၊
၂။ ၀ပ်စင်းဦးတင်၊ ဖူးစိုင်တွင်ဝယ်၊ များသင်္ဃာပျံ၊ အရဟံနှင့်၊ ရောင်လျှံပြိုးပြက်၊ နတ်ယာဉ်ထက်သို့၊ တက်စီးပြီးခါ၊ ဘဂ၀ါသည်၊ ဒွါရာဝတီ၊ ပြည်ဆီသို့ဖယ်၊ ကြွတုံပေ၏။ ကြီးတေဇာသံ၊ ဘုန်းကံတော်လင်း၊ ဇမ္ဗူချင်းသား၊
၃။ မင်းဓိပတိ၊ သူရိယစန္ဒ၊ သာသနဒါယကာ၊ ထိုရာဇာသည်၊ မဟာမုနိ၊ ထွန်းညီးပြောင်လွှတ်၊ ဆင်းထုမြတ်ကို၊ ဖြည့်ဝတ်နိညဥ့်၊ ဓလေ့ပြုပြု၊ ကောင်းမှုထပ်လောင်း၊ ဆုတော်တောင်းလျှက်၊
၎။ အပေါင်းပြည်သား၊ ပုညပွားအောင်၊ တရားသဖြင့်၊ သဂြိုဟ်ပင့်လျှက်၊ မင်းကျင့်မမှား၊ ပျော်စံစား၍၊ ဖြောင့်သောတသီး၊ နတ်ရွာမှီးမူ၊ သားကြီးနာမ၊ သူရိယဓိပတိ၊ အမည်ဟိလျှက်၊ ဘုမ္မိပြည်ပိုင်၊
၅။ ဘရာထိုင်၍၊ ရိပ်မြိုင်စမ္ပယ်၊ သားမြီးထွေလျှက်၊ ဆက်နွယ်စိုင်လာ၊ သူရိယကေတု၊ မင်းဟုသက္ကျ၊ ခတ္တိယရို့၊ ဓည၀တီ၊ မြို့ဌာနီ၌၊ လီလီမင်းကား၊ နှစ်ဆယ်ငါးတည်း၊
၆။ စံစားရှည်ကြာ၊ ခုနှစ်ရာဆယ်၊ ခြောက်နှစ်ကယ်၏။ နောက်ဝယ်နှံမ့်သိ၊ ဝေသာလိတွင်၊ သူရိယတဉ္စန္ဒရား၊ စသောအားဖြင့်၊ နောက်ကားပဲဖြူ၊ မင်းမူနောက်နှောင်း၊ ယိုးချောင်းနံယောင်၊
၇။ သပိတ်တောင်၌၊ တန်းဆောင်သမုဒ်၊ စန္ဒဂုတ်ဟု၊ မင်းလုပ်သည်ဖြစ်၊ တဆယ့်သျှစ်နှင့်၊ တွက်စစ်ရွီပြ၊ နန်းစံချမူ၊ လေးရာ့သုံးဆယ်၊ စွန်းသည်သုံးနှစ်၊ ပေါင်းဖြစ်မြို့သက်၊ မင်းဆယ်ဆက်ရို့၊ တလှစ်စံလျှက်၊
၈။ စမ္ပ၀က်၌၊ မင်းဆက်ပြလျှင်၊ ငမင်းငတုံ၊ အစရုံလျှက်၊ နောက်တုံမည်ဟိ၊ မင်းပတိရောက်၊ ထီးအောက်စံစား၊ ဆယ့်ငါးမင်းဆက်၊ မြို့သက်မှာမူ၊ စရာန၀၊ အက်လျှင်ကျ၏။ ထိုမှနန်းအိမ်၊
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment