(ကိ) ကြော
၁။ ဆက်ခံမင်းလောင်း၊ သားကောင်းမဖြစ်၊ သမီးစစ်သာ၊ ကျိန်းရစ်သဖြင့်၊ ထီးနှင့်တန်သည်၊ မတန်သည်ကို၊ တိုင်းပြည်စက္ခု၊ မတ်တစုရို့၊ ကြည့်ရှုအတွင်း၊ သတင်းစကား၊ ကြားသိငြားသော်၊ ပင့်ခေါ်ထောက်လှန်း၊
၂။ စုံစမ်းကြရာ၊ ပညာမြော်မြင်၊ ဘုန်းကံသျှင်ဟု၊ နန်းတင်လီက၊ ဗြဟ္မဏလည်း၊ တူကွနောက်ပါ၊ နတ်ဆင်းဝါနှင့်၊ ဝေသာမြို့ကြီး၊ မင်းသမီးကို၊ ဆောင်သီးရာထား၊ မိဖုရားဟု၊
၃။ မြှောက်စားတင့်တယ်၊ ပျော်စမ္ပယ်၍၊ နန်းနွယ်ဆက်စိုး၊ ထိုမင်းမျိုးမူ၊ ထီးရိုးခံကြ၊ ဂစ္ဆဘနဒီ၊ မြစ်ဆီလက်ယာ၊ မြို့ရာတည်ချဲ့၊ ဘုံနန်းဖွဲ့သား၊ ကိုးဆယ့်ကိုးမြို့၊ လက်ဝဲသို့လျှင်၊ မချို့လည်ကောင်း၊ မြို့အပေါင်း၌၊
၎။ ထီးဆောင်းကြိမ်ကြိမ်၊ အသမ္ဘိန်ဟု၊ ဇနိန္ဒရာဇ်၊ စိုင်ကာဖြစ်သည်၊ နွယ်သစ်ဆက်ကာဆက်ကာတည်း။ ။ နွယ်သစ်စိုင်လျှောက်၊ ဖြစ်မြောက်များမြောင်၊
၅။ ပြည်တည်ထောင်သော်၊ ထို့နောင်ဆက်မှီး၊ မြို့ကပ္ပီးမှ၊ အဇ္ဇုနသည်၊ တရားနှစ်သက်၊ တောသို့ထွက်၍၊ မြိုင်နက်စိမ်းစို၊ ရဂုံခိုလျှက်၊
၆။ ထိုထိုပြောင်းလွှဲ၊ မမြဲနေရာ၊ ဤမြစ်ညာသို့၊ ရောက်လာလတ်ကျင်၊ ပြိုင်ညောင်ပင်ကို၊ မှီကျင်နီထ၊ ထိုကာလ၌၊ သက်မနှင့်မူ၊ အတူနှစ်သက်၊ ရှိအထက်က၊ မိတ်ဖက်အစစ်၊
၇။ ခင်ပွန်းဖြစ်၍၊ ကြင်ချစ်သဖြင့်၊ သင့်တင့်ခြင်းကြောင့်၊ ဆုံကြပေါင်းသော်၊ မင်းလောင်းသန္ဓေ၊ ထိုမှာတည်၏။ မိုးစွေထန်ပြင်း၊ လီခတ်ခြင်းကြောင့်၊ မြစ်ရင်းမှပြတ်၊
၈။ ပင်လုံးကျွတ်က၊ ထိုသက်မကြီး၊ တက်ကာစီးလျှက်၊ ခရီးရှည်စွာ၊ မျှိုးတိုင်းပါက၊ ကိုင်းမှာငြိတင်၊ ထိုတွင်သားဖွာ၊ ဘုန်းကံအားကြောင့်၊
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment