(ကာ) ရင်
၁။ ထိုသည်မင်း၏၊ သားရင်းအဟုတ်၊ ဥပ္ပသာဂရ၊ မင်းပျော်လှနှင့်၊ သင့်ကြသော်အား၊ ယောက်ျားတဆယ်၊ နှောင်းငယ်သမီး၊ ဖွား၍ပြီးသော်၊ သားကြီးညီနောင်၊ လက်ရုံးထောင်လျှက်
၂။ ကြံဆောင်ပတ်ကုံမ်း၊ ဇမ္ဗူလုံမ်းကို၊ ခွန်ကျုံးရလျှင်၊ တန်းခိုးထင်သား၊ မြို့ရှင်ကျော်ညာ၊ ဒွါရာဝတီ၊ ပြည်ပူရီဟု၊ ရံမှီလက်ပြံ၊ ၀ဲပျံနီခြင်း၊ သတင်းအလျှောက်၊ ချီလာရောက်သော်၊
၃။ မြို့ပျောက်လီက၊ စုံစမ်းကြမူ၊ တောရချမ်းမြေ့၊ ရသေ့အမြွက်၊ ဆိုချက်ေ၀၀ုတ်၊ စကားငုတ်ကြောင့်၊ ကြံလုတ်မှတ်စွဲ၊ သံဖြင့်တွဲလျှက်၊ အမြဲလေးထောင့်၊
၎။ မြို့စောင့်နီကြ၊ ယက္ခလေးကောင်၊ တန်းခိုးထောင်အား၊ သန်းခေါင်ယံတွင်၊ စားဖွယ်ဆင်သော်၊ ပျော်ရွှင်အားကြိုက်၊ မွိပျော်ခိုက်ကို၊ ခရိုက်အားနှိတ်၊
၅။ သံကွင်းချိတ်က၊ မြဲကြိတ်လက္ချ၊ မြို့ကိုရ၍၊ ထိုမှစသည်၊ ကာလရှည်အောင်၊ နာမည်ဖောက်လွှဲ၊ မြို့သံတွဲဟု၊ မှတ်စွဲလုခွင်၊ ခုတိုင်တွင်သည်၊
၆။ ဘုရင်ရာဇဌာနီတည်း။ ။ ရာဇဌာနီ၊ နန်းသိင်ဂီမှ၊ ခွန်းဆီဇမ္ဗူ၊ ကျွန်းလုံမ်းယူလျှက်၊ မင်းမူတော်ပြု၊ အောင်ဇေယုဖြင့်၊ ၀ါသုဒေ၀၊ မင်းလှလက်ထက်၊ မြို့ပြည်ပျက်၍၊
၇။ ပြီးထွက်ကြသော်၊ နှမတော်ဟု၊ နတ်လျှော်ရူပ၊ အဉ္စနနှင့်၊ ဗြဟ္မသုန္ဒြီ၊ တူညီမကွာ၊ ဆရာပါ၏။ လမ်းမှာဘေးတွိ၊ မင်းစုတိသော်၊ နောက်ရှိယှဉ်မှီး၊ မင်းသမီးကို၊
၈။ ခရီးအတူ၊ ပုဏ္ဏားယူ၍၊ လားမူနိခြား၊ ဒလက်ဖျား၌၊ တန့်နားနီသော်၊ ထိုသရော်၌၊ တိုင်းတော်ခရိုင်၊ နန်းပိုင်သာမိ၊ ဝေသာလိတွင်၊ မဟိဖောက်ပြန်၊ နတ်ရွာစံမူ၊
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment