(ကူ) ကြော
၁။ မြင့်စွာအဓွန့်၊ တည်လတ္တံ့ကြောင်း၊ ကောင်းအံမ့်မိန့်သံ၊ ပဋိညာဏ်ဖြင့်၊ ၀န်ခံလီက၊ ရွှင်ဇောဆူ၍၊ နရသာမိ၊ မင်းဘုန်းဟိသည်၊ များဘိဥစ္စာ၊ ရတနာရေ၊ ကိုးကုဋေကို၊ ယူစေပြီးတုံ၊ စုပျာပုံလျှက်၊ သုံးပုံမှန်ကင်း၊
၂။ တရားမင်းအား၊ လျှောက်တင်ကြားသော်၊ ဘုရားမြတ်စွာ၊ သမ္ဗုဒ္ဓါလည်း၊ ဒေ၀ါမည်ခြင်း၊ သိကြားမင်းကို၊ ထံရင်းသို့ယူ၊ ခေါ်တော်မူလျှက်၊ ငါ့တူပုံပြု၊ ငါ့ရုပ်ထုလျှင်၊ ပေါင်းစုပစ္စည်း၊
၃။ ဤမှတည်းဖြင့်၊ ငါ့နည်းဖြစ်စီ၊ သွန်းလုပ်လီဟု၊ လူ့ဆွီသျှင်ချစ်၊ ခုနှစ်လက်ခုပ်၊ ကိုင်အုပ်ကာလုံမ်း၊ ယူကျုံးပြီးသော်၊ မိုးနတ်ကျော်အား၊ အပ်တော်မူက၊ ၀ါသ၀လည်း၊ ၀င်းပရောင်မောင်း၊
၎။ ရွှေပန်းတောင်းဖြင့်၊ ညွတ်ပျောင်းခံတုံ၊ ၀ိသကြုံနှင့်၊ တူစုံလွယ်ကူ၊ မြတ်ဆင်ဖြူထက်၊ တင်ယူဆင့်တိုး၊ ထီးဖြူမိုးလျှက်၊ မြတ်နိုးဒေသ၊ ရှုကုမ်ကြ၍၊ ဓည၀တီ၊ မြို့ဆီမဖြောင့်၊
၅။ ရှိတောင်ထောင့်ဝယ်၊ နတ်စောင့်ဘုမ္မိ၊ သီရိဂုတ်တောင်၊ ဗွီခေါင်ထိပ်ထက်၊ တည်ရာတွက်လျှက်၊ ပြိုးပြက်ရောင်လွှတ်၊ မဏ္ဍပ်စီရင်၊
၆။ တန်းဆာဆင်သည်၊ ထွက်ဝင်လူပုံနတ်ပေါင်းတည်း။ ။ လူပုံနတ်ပေါင်း၊ သောင်းသောင်းသဲသဲ၊ နတ်ပွဲပြုလုပ်၊ တီးမှုတ်ငြိမ့်ငြိမ့်၊ ပဲ့တင်ထိန့်မျှ၊ ခြိမ့်ခြိမ့်အုမ်းအုမ်း၊ တရုံမ်းရုံမ်းနှင့်၊ ခြုံမ်းခြုံမ်းသံမြည်၊ လူနတ်စည်ရို့၊ ပတ်လည်သံထွက်၊ ခုနှစ်ရက်တိုင်၊
၇။ အဆိုင်ဆိုင်လျှင်၊ မြိုင်မြိုင်သီက၊ ငါးဝပဉ္စင်၊ တီးသံလွင်ဖြင့်၊ ပျော်ရွှင်သီးသီး၊ ပွဲကြီးခင်းခင်း၊ သွန်းစိုင်တွင်းဝယ်၊ မင်းထက်မင်းဖျား၊ မြတ်ဘုရားအား၊ လျှောက်ကြားပေလျှင်၊
၈။ သုံးလူ့သျှင်လည်း၊ ရွှေရင်တော်ငွေ့၊ ယူပွေ့လက်ခုပ်၊ ထိုမှာအုပ်လျှက်၊ ငါ့ရုပ်တော်ကြီး၊ အပြီးငါ့နှယ်၊ တင့်တယ်ပြေပြစ်၊ ယခုဖြစ်၍၊ အနှစ်မြင့်ရှည်၊ တည်ရစ်ပေဟု၊ မိန့်ပေလတ်မူ၊
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment