(ကား) ရင်
၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်းပုံမီးလျှို့၊ ပမာသို့လျှင်၊ ပိတ်ဆို့မမြဲ၊ ဗုံးနှင့်ကြဲသော်၊ ညောင်လဲသို့ထုံး၊ မြမ္မာယှုံမ်း၏။ သိမ်းရုံမ်းမြို့တွင်း၊
၂၊ ကုလားမင်းလည်း၊ ခင်းသည်ကောဇာ၊ ဆအဋ္ဌာနှင့်၊ ဧကာဧက၊ တန်းခူးလတွင်၊ မိဿရာသီ၊ မကုန်မှီတည့်၊ တိုင်းဆီခရိုင်၊ ခုထက်တိုင်လျှင်၊
၃။ ပိုင်ပိုင်ကားကား၊ လေးမြို့စားဟု၊ ကုလားပညတ်၊ ပတ်တင်သတ်ကို၊ ခန့်အပ်ဟိသည်၊ ထိုရွှေပြည်မြို့၊ မျိုးမည်ကွဲသျှောင်း၊
၎။ အကြောင်းကြောင်းဖြင့်၊ ဖလောင်းမြမ္မာ၊ စီရင်ရာကို၊ ခံကာနီရ၊ ရှည်မြင့်စွတည်း။ နောက်မှမဏ္ဍိုင်၊ အုပ်စိုးပိုင်၍၊ ရခိုင်မင်းလောင်း၊
၅။ ထီးဖြူဆောင်းလျှက်၊ မင်းပေါင်းဦးနှိမ်၊ အကြိမ်ကြိမ်လျှင်၊ လှံရိန္ဒမာ၊ နတ်စက္ကြာနှင့်၊ ရာဇမင်းဖျား၊ မင်းဘုရားဟု၊ ကားကားလှံရောင်၊
၆။ မှန်ကင်းထောင်သို့၊ ကြံဆောင်ယူကျုံမ်း၊ ဇမ္ဗူလုံမ်းကို၊ ရွှေဘုန်းပဒေ၊ မိုးကြီးစွေသို့၊ နီနှယ်ပွင့်တူ၊ ဖြစ်လိမ့်ဟူသည်၊
၇။ သူဇာသိကြားသဖွယ်တည်း။ သက္ကရာဇ် ၁၂၄၃ - ခု၊ တန်းခူးလ္ဆန်း (၁၀)ရက်၊
နောက် (ပီခံ) အဖုံးတရွက်တွင်
၁၂၄၃ တပေါင်းလဆန်း ၂ ရက် စနီ
နီထွက်တပိုအချိန်လောက်တွင် ပြီးပြည့်စုံပါသည်။
မောင်သာစိန် လက်ရွီးဖြစ်ပါသည်ဘုရား - ဟုပါသည်။
ဤပီစောင်သည် ရမ်းဗြဲမြို့ သရက်ချောင်းတွင်ဟိပါသည်။
၁၃၄၈ - ခု၊ နံယုံလပြည့်ကျော် (၁၀) ရက်၊ (2/7/86) နိ ညဇာ (၄) ချက်တီးကျော်မှာ ကူးယူခပါသည်။ အသျှင်ပညာစာရ (ရခိုင်ပြည်)
စာလုံးမပေါ်သဖြင့် (သိင်ဂီ) ဟု သတ်ပုံပြောင်းရွီးထားပါသည်။ (ကွင်း) ပြထားသည့် စာပိုဒ်များမှာ အဓိပ္ပါယ် ကောင်းကောင်းမယှင်းပါ။ (ရခိုင်ပေါင်းကူး သာလှဦး)
Saturday, November 7, 2015
Subscribe to:
Post Comments (Atom)
(ကား) ရင်
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...
-
(ကံ) ရင် ၁။ သူ့ခေတ်ကျိန်းကြောင့်၊ ပိုင်သိမ်းဆုံဟိတ်၊ အောင်နမိတ်ဖြင့်၊ ဘိသိက်စံနန်း၊ ခြောက်နှစ်မြန်း၍၊ နတ်လမ်းကြွက၊ သမတဟု၊ ဖြစ်ထစိုးပိုင်၊ သံ...
-
(ကံ) ကြော ၁။ သားဆက်ပြုသည်၊ မဏိသုမင်း၊ နှစ်နှစ်တင်းတွင်၊ လွန်လျှင်သားမောင်၊ သတိုးအောင်မူ၊ ရွှေဆောင်နန်းထံ၊ နှစ်နှစ်စံမှ၊ လွန်လီသီဆုံး၊ သားငတုံ...
No comments:
Post a Comment