Saturday, November 7, 2015

(ကီ) ရင်

(ကီ) ရင်

၁။ သွန်းလုပ်ပြီးခါ၊ မဟာမုနိ၊ မည်ဟိထင်ရှား၊ ငါ့ကိုယ်စားလျှင်၊ တည်ထားလတ်အံ့။ ရပ်တန့်ခါမှီ၊ အခုနီသား၊ ဖြိုးဝီမောက်စွာ၊ သေလာဂီရိ၊ မြင့်ဘိညို့မှောင်၊
၂။ ဤသည်တောင်၌၊ ယခေါင်ရှိဇာတ်၊ ပန်းပွတ်သမား၊ ဖြစ်ခယ့်ငြား၍၊ နောက်ကားနိဗ္ဗာန်၊ ငါလွန်သောခါ၊ ငါ့ခန္ဓာမှ၊ ခြောက်ဖြာရောင်လွှတ်၊ ကျောက်ရိုးဓါတ်သည်၊ တည်လတ်ထင်ပေါ်၊
၃။ ကျောက်တော်စေတီ၊ ခေါ်ညီအနှံမ့်၊ တွင်လတ္တံ့ဟု၊ မိန့်ညွန့်ဖော်ပြ၊ ထိုမှစ၍၊ ဒေသပတ်လည်၊ ဤတိုင်းပြည်၌၊ ကျင်လည်တော်ဖူး၊ ထူးထူးအရပ်၊ ကိန်းဝပ်အံ့သည်၊
၎။ ဓါတ်မည်မည်ကို၊ နှုတ်ခြည်စကား၊ ဗျာဒိတ်ကြားက၊ ဘုရားတန်းခိုး၊ ဘုန်းတော်တိုးလျှက်၊ ထစ်ကြိုးပဲ့တင်၊ ငလျင်သိမ့်သိမ့်၊ တော်ကြိမ့်ကြိမ့်နှင့်၊ ငြိမ့်ငြိမ့်သံခြိမ်း၊
၅။ ဒိသာဟိန်းသည်၊ ကြောက်ကြီးဘနန်းဖြစ်သတည်း။  ။ ကြောက်ဖွယ်သောတိတ်၊ ထိုနမိတ်ကြောင့်၊ လန့်ထိတ်အုံမ်းအုံမ်း၊ တရုံမ်းရုံမ်းလျှင်၊ ပြည်လုံမ်းရှိက၊
၆။ နရသခင်၊ ရွှေပြည်သျှင်လည်း၊ ဗေဒင်မြင်သိ၊ ပရောဟိနှင့်၊ ပဏ္ဍိမြှောက်စား၊ မူးမတ်များကို၊ ကြောင်းလျှားသိရီး၊ စီးစစ်မီးသော်၊ ကွာဝီးခရီး၊ နတ်ယာဉ်စီးလျှက်၊ ဘုန်းကြီးမုနိန်၊
၇။ မာရဇိန်သည်၊ မြဟိန်ညို့မှောင်၊ သေလာတောင်၌၊ များမြောင်သင်္ဃာ၊ ရဟန္တာနှင့်၊ ကြွလာသောတိတ်၊ နမိတ်မှန်ကြောင်း၊ လျှောက်လီသျှောင်းသော်၊ အကြောင်းစကား၊ မြတ်ဘုရားဟု၊ ကြားသော်ခန၊
၈။ ထိုမင်းလှသည်၊ ထကြွလျှင်ပင်၊ ဖူးမြင်ချင်ကြောင့်၊ ဆင်မြင်းမစီး၊ ဖြူထီးမဆောင်း၊ မူးမတ်ပေါင်းနှင့်၊ ပန်းကောင်းနံသာ၊ လက်စွဲကာဖြင့်၊ လျှင်စွာလှမ်းကြွား၊ ချီကြွလားသော်၊

No comments:

Post a Comment

(ကား) ရင်

(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...