Saturday, November 7, 2015

(ကာ) ကြော

(ကာ) ကြော
၁။ ခရီးဝီးဆန့်၊ ရှည်အထွန့်ဖြင့်၊ လိမ်တွန့်မော်ဖြစ်၊ ပတ်ရစ်ဆက်သွယ်၊ ကျယ်ထက်ကျယ်လျှင်၊ ပင်လယ်သို့ပေါက်၊ သမုဒ်ရောက်အောင်၊ ကမ်းလျှောက်သစ်စိုင်၊
၂။ စပ်ယှဉ်ပေါင်းမြက်၊ ချောင်းတက်ကြီးငယ်၊ ကွင်းလယ်ပြင်ဝှန်း၊ ကိုင်းကျွန်းသာလှ၊ ဂစ္ဆဘဟု၊ မြစ်မကမ်းလျှောက်၊ ရွှေနန်းဆောက်လျှက်၊ မင်းမြှောက်ထီးဆောင်း၊ ဘုရင်ပေါင်းရို့၊ သင့်ကြောင်းခွန်ထုပ်၊
၃။ ကောက်ခံအုပ်လျှက်၊ သိမ်းချုပ်နတ်တူ၊ စံကြမူသော်၊ ဇမ္ဗူပတ်ကုံမ်း၊ လူအားလုံမ်းလည်း၊ မှီသုံးစွဲစား၊ ဆန်စပါးကြောင့်၊ အခြားတိုင်းမှည်၊ ထိုထိုပြည်မှ၊ ရောက်သည်သင်္ဘော၊
၎။ ရီကြောထွက်ဝင်၊ သယ်တင်မနိုင်၊ ပုတ်ရိုင်ကျီပြည့်၊ သွင်းထည့်ထားရာ၊ မဟာဝိဟိံက၊ နာမသတင်း၊ ကောင်းနံမ့်သင်း၍၊ ခပင်းနွယ်ရိုး၊
၅။ အမျိုးမျိုးရို့၊ မှီကိုးသီးသီး၊ ပျော်မညီးသည်၊ တိုင်းကြီးရခိုင်ပြည်လျှင်တည်း။  ။ ရခိုင်နာမည်၊ ဤရွှေပြည်၌၊ ဦးတည်မည်ဟိ၊ သမုတ္တိဟု၊ ဘုမ္မိသခင်၊
၆။ တန်ခိုးထင်သည်၊ ဗုဒ္ဓင်္ဂရ၊ လောကခေါင်ချာ၊ မဟာသမတ်၊ မင်းမြတ်ပုတ္တော၊ ၀ရောစခေါ်၊ သားတော်ဆက်စိုး၊ အမျိုးစိုင်ကာ၊ ကုသာနာမ၊ ဘာရာဏရို့၊ ရာဇဂြိုဟ်မည်၊
၇။ မြို့ပြည်တည်လျှက်၊ ထိုသည်ကဖြန့်၊ နယ်ခြားကန့်၍၊ ပွားဆန့်ထီးဆောင်း၊ မင်းအပေါင်းရို့၊ ရောင်မောင်းလင်းထိန်၊ နန်းရွှေအိမ်ထက်၊ စည်းစိမ်ခံကြ၊ ခတ္တိယတွင်၊ ဧကစက္ခု၊
၈။ နာမည်ပြုလျှက်၊ ပြည်ဟုမော်ကွန်း၊ တည်ထွန်းမြောက်ပြီး၊ ထိုမင်းကြီး၏၊ သမီးတော်လှ၊ ဒေ၀ဂမ္ဘာ၊ ရတနာသည်၊ သညာမည်ဟိ၊ အသိတဉ္စန၊ နဂရကို၊ စိုးရသနင်း

No comments:

Post a Comment

(ကား) ရင်

(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...