Saturday, November 7, 2015

(ကော်) ရင်

(ကော်) ရင်

၁။ ပတ်ကာဝိုက်ဆိုင်း၊ ညှိသမှိုင်း၍၊ တံတိုင်းကျုံးမြောင်း၊ ဂူတန်းဆောင်းနှင့်၊ သျှစ်သောင်းဘုရား၊ ကန်တွင်းများဖြင့်၊ တည်ထားယတ္တရာ၊ ထိုထိုမှာ၌၊ သင့်ရာပြုပျင်၊
၂။ ထိုဘုရင်သည်၊ စံကျင်တွက်ကျုံး၊ နှစ်ဆယ့်သုံးမှ၊ ရွှေဘုန်းတောက်ပ၊ သားတိက္ခလည်း၊ နန်းရမင်းဖြစ်၊ နှစ်ဆယ့်နှစ်တည်း။ သားချစ်ပုတ္တော၊ စွယ်ခေါခေါနှင်၊ မင်းစောနန်းထိုင်၊ သျှစ်နှစ်တိုင်လျှင်၊
၃။ စိုးပိုင်နောက်ယူ၊ စက်ရာဟူသား၊ ညီဖြူဖြစ်လာ၊ နှစ်သတ္တာတွင်၊ မင်းဘာသားနှောင်း၊ မင်းဖလောင်းဟု၊ ထီးဆောင်းနှစ်ဆယ်၊ နှစ်နှစ်ဝယ်တည်း၊ လွှဲခယ့်တခါ၊ သားပုတ္တာဟု၊ မင်းရာဇာကြီး၊
၎။ နန်းစိုင်မှီးလျှက်၊ ဆောင်းထီးပျော်မွိ၊ ဆယ့်ကိုးစိတွင်၊ ရွှိလီတုံသျှောင်း၊ ဘရာလောင်းလျှက်၊ ခမောင်းရွှေနန်း၊
၅။ ဆယ်နှစ်မြန်း၍၊ လွန်တော်မူပြု၊ သားမျက်ရှုဟု၊ သီရိသုဓမ္မာ၊ သောဠဿာတွင်၊ နတ်ရွာပျော်လည်၊ သားသက်ဝေသည်၊ စံသည်နန်းသက်၊ ဒွေးအဋ္ဌ်ရက်တည်း။
၆။ မင်းဆက်စိုင်လျှောက်၊ ဆယ့်ကိုးယောက်ပင်၊ မြောက်ထရွှေအိမ်၊ နန်းစည်းစိမ်ကို၊ ရိပ်ငြိမ်စံကြကုန်ပြီတည်း။  စံကြလေလေ၊ မင်းရို့နွယ်ကို၊ ဖြစ်ပေတုံက၊ ညာဏ်စွမ်းပြလျှက်၊
၇။ နရပတိ၊ မည်တွင်ဘိလျှက်၊ နန်းဟိသက်စစ်၊ ခုနှစ်နှစ်လျှင်၊ ဖြစ်ခယ့်တလီ၊ နန်းရိုးမှီအောင်၊ ညီညာအုပ်စိုး၊ ထီးဖြူမိုးလျှက်၊ သတိုးဓမ္မရာဇာ၊ နှစ်သတ္တာတွင်၊ ခန္ဓာကွဲပြား၊ ဘရာငြား၍၊
၈။ စန္ဒာသုတွင်၊ ထိုဘုရင်လျှင်၊ ပလ္လင်ဆန်းကြယ်၊ ဆောင်ကုန်လေ၍၊ သုံးဆယ့်စိလှာ၊ သားပုတ္တာသည်၊ ဥဂါဗလ၊ လေးနှစ်မှတည်း၊ ၀ရဓမ္မမည်ခေါ်၊ နှစ်နှစ်ပေါ်၍၊ လွန်သော်နောက်ဟု၊

No comments:

Post a Comment

(ကား) ရင်

(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...