Saturday, November 7, 2015

(ကော) ကြော

(ကော) ကြော

၁။ သွန်းသည့်နှစ်နှင့်၊ တွက်စစ်ကြည့်ရာ၊ သာသနာနှင့်၊ များစွာမြို့သက်၊ ညီပေလျှက်တည်း၊ မင်းဆက်ရို့တွင်၊ သို့ဆင်ခြင်လော့၊ အကြင်မင်းတုံ၊ ခန္ဓာကုန်အောင်၊ လုံမ်းစုံနှစ်လျှောက်၊
၂။ နန်းစံမြောက်၏။ တယောက်မင်းပြု၊ ထိုခုသက္ကရာဇ်၊ အစဖြစ်ဟု၊ တွက်စစ်စုရုံမ်း၊ သီဆုံးနှစ်ပင်၊ နန်းနီဝင်၏။ သီရှင်နှစ်ရပ်၊ ခုချင်းထပ်၏။ မှတ်အပ်သတိ၊ ဤသို့ဟိလော့၊ သူရိယစန္ဒ၊ မင်းဖြစ်စက၊ ဗုဒ္ဓမရောက်၊
၃။ မည်မျှလောက်မှ၊ ကြွမြောက်လာသည်၊ ရုပ်ပွားတည်ဟု၊ အရှည်အတို၊ နှစ်ကိုချင့်ရှု၊ မင်းအာယု၌၊ စိငုသင့်ရာ၊ တိုင်းပြည်မှာလည်း၊ ရာဇာမင်းမြတ်၊ နှစ်လတ်ဟိသင့်၊ မဟိသင့်ဟု၊ ထောက်ချင့်စုံစမ်း၊
၎။ ဤသို့မှန်းလော့၊ ဂဏန်းပေါက်လှဲ၊ နန်းသက်ထဲတွင်၊ ကွဲလွဲသတတ်၊ အရေးချွတ်လို့၊ အမှတ်ရချင်၊ ရာဇ၀င်ကို၊ သိမြင်လွယ်အောင်၊ အစောင်စောင်နှင့်၊ ဖက်မျှောင်တိုက်ဆိုင်၊
၅။ စာချင်းပြိုင်လျှက်၊ မဏ္ဍိုင်အတူ၊ များရာယူလော့၊ စိတ်ခြူသောခါ၊ နည်းနာနှင့်ချင်း၊ ပညာလင်းအံ့၊ ကံငြင်းသည်ဟိတ်၊ နှလုံးပိတ်လျှက်၊ ကြည်စိတ်ဖြစ်မှ၊ ကုသိုလ်ရသည်၊
၆။ သုခရလွယ်မဂ်ဖိုလ်တည်း။  ။ မဂ်ဖိုလ်ရွယ်ရူ၊ အိုပြည်သူရို့၊ အယူသတိ၊ ဤသို့ဟိလော့၊ များဘိလူ့စည်၊ ငါရို့ပြည်၌၊ ဓွန့်ရှည်မြင့်ကြာ၊ သာသနာနှင့်၊ မြတ်စွာကိုယ်စား၊ ရုပ်တော်ပွားကို၊
၇။ တည်ထားခယ့်ခြင်း၊ တရားမင်းကား၊ ခပင်းသျှင်လူ၊ ခပ်သိမ်းသူကို၊ သားတူပမာ၊ ရာဟုလာသို့၊ မိတ္တာတော်ပွား၊ လွန်သနားလျှက်၊ နောင်ကားချမ်းငြိမ်၊ လူ့စည်းစိမ်နှင့်၊ နတ်အိမ်ဗိမှာန်၊
၈။ နိဗ္ဗာန်မဂ်ဖိုလ်၊ ရစီလို၏။ ကုသိုလ်ဖြစ်မှု၊ ဤသို့ရှုလော့၊ ဆင်းထုရောင်ဖြာ၊ မဟာမုနိ၊ မည်ဟိထင်ရှား၊ ကိုယ်တော်စားကို၊ ရို့ကားကြုံကြိုက်၊ ဖူးတွိထိုက်၍၊ ဦးတိုက်ရသည်၊

No comments:

Post a Comment

(ကား) ရင်

(ကား) ရင် ၁။ ရန်မူကြတုံ၊ ကျိန်းခိုက်ကြုံ၍၊ နောက်ဟုန်တလွှား၊ ရခိုင်များနှင့်၊ ညွှန်လားခရီး၊ ကြံစည်ပီး၍၊ တိုက်ပြီးတွန်းလှန်၊ ဆော်ရမ်းပြန်က၊ ယမ်း...